Thursday, September 3, 2009

ဆုံနေကြ လက်ဖက်ရည်ဆိုင်!



လေလိုအလျင်နဲ့ လာလိုက်ပျောက်သွားလိုက်နဲ့ သန္တာ


ထိုင်ကာတွေးကာ ငေးမောနိုင်၏
ထွေရာလေးပါး ပြောကြားနိုင်၏
အချိန်ထိုင်ဖြုန်း ငြင်းခုန်နိုင်၏
ဂီတ သံပေါ် ပျော်မွေ.နိုင်၏
သူငယ်ချင်းများနှင့် ရန်ဖြစ်နိုင်၏
ကမ္ဘာ အရေး ပြောတွေးနိုင်၏
နိုင်ငံအရေး ဆွေးနွေးနိုင်၏
ချစ်သူကိုစောင့် အကြိုထောက်နိုင်၏
ချစ်သူ နှင့် ထိုင် ပြုံးပျော်နိုင်၏
ပျင်းလာရင်ထိုင် ငြင်း ကာလာထိုင်
ပျော်ပါရင်ထိုင် ဖော်ပါရင်ထိုင် စိတ်ညစ်လာရင်ထိုင်
သိပ်ချစ်သူနဲ.ထိုင် သတင်းကြားချင်ရင်ထိုင်
အတင်းချ ရင်းထိုင်
တွေးတော လိုရင်ထိုင် ငေးမော လိုရင်ထိုင်
ဒါ........................လက်ဖက်ရည်ဆိုင်!
(ဘယ်သူရေးမှန်းမသိပါ)


ဒီကဗျာကို မေးနဲ့ပို့လာတဲ့ သူက မဗိုက်ပူကေခိုင်ပါ သူလဲ လွမ်းနေတယ်ထင်ပါရဲ့
ထိုင်ခဲ့ဘူးတဲ့ တချိန်က အောင်အောင် ဖွင့်ခဲ့တဲ့
ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓ လမ်းဒေါင့် က
နှစ်ထပ်ပြင်ထောင်အိမ်လေးပါတဲ့
လ္ဘက်ရည်ဆိုင် ကို ပြေးမြင်မိ
လွမ်းမိတယ်
ဆိုင်နာမည်မရှိ အပြင်အဆင်မရှိပေမဲ့ သူငယ်ချင်းတွေရဲ့ စုရပ်၊ ဆုံရပ်၊ နားခိုရာအရပ်၊ အလုပ်ကတထောက်နားလို့ အပြေးအလွှားထမင်းလာစားတတ်တဲ့အရပ်၊ ပိုက်ဆံမပါလဲအကြွေးစားလို့ရတဲ့ အရပ်၊ ဘာမှထွေထွေထူးထူးမရှိပေမဲ့ လ္ဘက်ထမင်း၊ နက်စ်အော အရသာတွေဒီနေ့ထိတမ်းတနေရတဲ့ အရပ်၊ မန်ယူဘောလုံးသမားတွေကိုစသိတဲ့ အရပ်၊ တနေ့တခေါက်အမြဲရောက်ရတဲ့ အရပ် ကွမ်းပင်ကိုဖတ်လို့ ရည်းစားပြတ်ကို လွမ်းလို့ရတဲ့အရပ်၊ ဘယ်သူငယ်ချင်းကိုမဆိုရှာလို့ရတဲ့အရပ် အဲဒီနေရာလေးက ဟိုအရင်က ငါတို့ရဲ့ အင်တာနက်လေးလဲဖြစ်ခဲ့တယ် နကစ်ဝက် ဆိုလဲဟုတ်ခဲ့တယ် ရန်တွေလဲဖြစ်ခဲ့ကြတယ် ရင်ထဲကအသံတွေလဲ တိုင်ပင်ခဲ့ကြတယ် အိတ်ထဲကပိုက်ဆံတွေလဲ ဝေမျှခဲ့ကြတယ် ရင်ခုန်သံ အသဲကွဲသံတွေလဲ နားထောင်ပေးခဲ့ကြတယ် ငါတို့ အတွက် လ္ဘက်ရည်ဆိုင်လေးက အမှတ်တရတွေအများကြီးပေးခဲ့တယ်
အပေါ်ကကဗျာလေးက လွမ်းစရာတွေနဲ့အတူ ဒီဆိုင်လေးဆီကို ဆွဲခေါ်သွားတယ်
အောင်အောင်နဲ့ ကိုလတ်ဖျော်တိုက်တဲ့ နက်စ်အောလောက်ကောင်းတာ ငါခုထိရှာမတွေ့သေးဘူး
အောင်မျိုး မှီပြီး အသဲကွဲခဲ့တဲ့ ကွမ်းပင်ကြီးခုထိရှိတုန်းပဲ။ ဖိုးစည်၊ သက်ခိုင်တို့နဲ့ အမြဲလုခဲ့ရတဲ့ ဆိုင်ကျောပေးနေရာလေး က ခုဆို မြက်တွေတောင်ပေါက်နေပြီ၊ ဆိုင်ထိုင်ကြတိုင်း ပြန်မယ်အမြဲရွတ်တဲ့နီလေးတယောက်လဲ ခုထိ ဒီအတိုင်းပဲ၊ သူငယ်ချင်းတွေရှေ့ထားပြီး မျက်ဆောင်းထိုးတိုက်က တခါးဝကို ကသိုင်းရှုနေတဲ့ အောင်အောင်လဲ ခုဆို ဘာတွေများကြည့်နေမလဲ? တခါတလေမှရောက်လာတတ်တဲ့ ရန်နောင်ရောနေကောင်းရဲ့လား
အောင်အောင်နဲ့ မွေးနေ့တူတဲ့အောင်မိုးရော ဘယ်မှာလဲ ကားနဲ့လာပြီး ပြောချင်တာလေးပြောပြီးပြန်သွားတဲ့ ဟိန်းဇော် ညအချိန်တော်တော်နောက်ကျတာတောင်ပြန်ခိုင်းမှပြန်တဲ့ ကေခိုင်၊ လေလိုအလျင်နဲ့ လာလိုက်ပျောက်သွားလိုက်နဲ့ သန္တာ၊ မလေးသွားမယ်ဆိုပြီးပေါ်မလာတော့တဲ့ တညင်၊ တခါတလေရောက်လာတတ်တဲ့ နေစိုးအောင်
ရစ်စရာမရှိကြံဖန်ရစ်တတ်တဲ့ ၀ဏ္ဏ ခုတော့ပြန်ဆုံဖို့ မလွယ်ကြပေမယ့် အရင်က ဒီလ္ဘက်ရည်ဆိုင်လေးမှာ ခဏခဏ တွေ့ဖြစ်ခဲ့ကြတယ် ဆုံခဲ့ကြတယ် ငါတို့ ပျော်လဲပျော်ခဲ့ကြတယ်
တယောက်တနေရာဆီရောက်နေကြတဲ့ သူငယ်ချင်းတွေကို သတိရစွာဖြင့်.....

* Post By 2mar