ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ဖြစ်
တစ်ယောက်တစ်နေရာစီဝေးသွားတဲ့အခါ
သံယောဇဉ် တဖြေးဖြေးပါးလာတတ်တယ်
နှစ်ယောက်သား စိတ်ပြောင်းသွားတာမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မခင်မင်၊ မရင်းနှီးတော့တာလည်း မဟုတ်ဘူး
အနေဝေးလို့ စိတ်ခံစားချက်ကို အတူမမျှဝေနိုင်တော့လို့ဖြစ်တယ်။
ဝေးကွာလွန်းလို့ "နေကောင်းလား! အဆင်ပြေလား!"ဆိုတဲ့
နှုတ်ဆက်စကားပဲ ပြောနိုင်ခဲ့တယ်။
ဒါလည်း ကောင်းပါတယ်...
အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ငါတို့ မမေ့ခဲ့ကြသေးပါဘူး။
.
တစ်ယောက်တစ်နေရာစီဝေးသွားတဲ့အခါ
သံယောဇဉ် တဖြေးဖြေးပါးလာတတ်တယ်
နှစ်ယောက်သား စိတ်ပြောင်းသွားတာမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မခင်မင်၊ မရင်းနှီးတော့တာလည်း မဟုတ်ဘူး
အနေဝေးလို့ စိတ်ခံစားချက်ကို အတူမမျှဝေနိုင်တော့လို့ဖြစ်တယ်။
ဝေးကွာလွန်းလို့ "နေကောင်းလား! အဆင်ပြေလား!"ဆိုတဲ့
နှုတ်ဆက်စကားပဲ ပြောနိုင်ခဲ့တယ်။
ဒါလည်း ကောင်းပါတယ်...
အနည်းဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ငါတို့ မမေ့ခဲ့ကြသေးပါဘူး။
.
ကြီးပြင်းရာလမ်းတလျောက်မှာ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ဘဝရဲ့မြေသြဇာပါ... ဘဝတစ်ခု ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းရှင်သန်ဖို့ ဒီမြေသြဇာတွေက မရှိမဖြစ်လိုအပ်ပါတယ်...
23.3.2012
23.3.2012
မွေးနေ့မှာ ဘာရယ်မဟုတ်ဖတ်ဖြစ်ပြီး မှတ်ထားဖြစ်တဲ့ စာလေးတွေပါ.. မွေးနေ့မတိုင်ခင် ဖေ့ဘုတ်မှာ ရက်စွဲကြိုဖြုတ်ထားခဲ့တယ်
တချို့ သူငယ်ချင်းတွေလည်း မလာနိုင်ဘူး တချို့လည်းမအားဘူး ဖုန်းမဆက်ဖြစ်တဲ့သူတွေလည်းရှိခဲ့တယ် မွေးနေ့လိုရက်တွေရောက်တိုင်း စိတ်တွေရှုပ်ရတတ်တာ အမြဲလိုပဲ တစ်ခုမဟုတ်တစ်ခုပေါ့
မွေးနေ့တိုင်းတော့ သူငယ်ချင်းတွေနဲ့စုံဖြစ်တယ် သူငယ်ချင်းတွေမွေးနေ့တိုင်းလည်း အမှတ်တရရှိနေတတ်ခဲ့တယ် မွေးနေ့မှ မဆုံတာကြာတဲ့သူတွေလည်းတွေ့ဖြစ်ခဲ့တာကိုး.... အသက်တွေလည်းကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာဆုံကြဖို့ အပို အလုပ်တစ်ခုလိုလည်းဖြစ်လာခဲ့တယ်ဆိုတာ တော့ ငြင်းမရကြပါဘူး ကလေးတွေလည်းမဟုတ်တော့ဘူးလေ... နော်... စိတ်တွေဆိုး စိတ်တွေကောက်ရမယ့် အရွယ်တွေမှမဟုတ်တာနော် ...