Monday, October 3, 2011
Saturday, March 12, 2011
My Best Friend Wedding


သက်ခိုင် နဲ့ ထက်ထက်တို့ဇနီးမောင်နှံ ရဲ့ မင်္ဂလာနေ့....
သူငယ်ချင်းတွေ စုံတဲ့နေ့ လေးတနေ့လဲဖြစ်ခဲ့သည်။ နေဇော်နောင်တို့ဇနီးမောင်နှံ ဖိုးစည်တို့ဇနီးမောင်နှံ ရန်နောင်တို့ဇနီးမောင်နှံ ကေခိုင်တို့ဇနီးမောင်နှံ တူးမာတို့ဇနီးမောင်နှံ .. လက်ကူတို့ဇနီးမောင်နှံ တကိုယ်တည်းလူပျိုကြီးများဖြစ်သော အောင်အောင် အောင်မိုး သားကြီး ကိုလတ် အပျိုကြီး နီလေး .... ကေသီ .. အားလုံးမှတ်မှတ်ရရဆုံကြသည်။ စည်ကားပြီး အမှတ်တရတွေနဲ့ မင်္ဂလာပွဲလေးက မှတ်မှတ်ရရ ရှိခဲ့ပြီ...... သူငယ်ချင်းတို့ဇနီးမောင်နှံ ရာသက်ပန်ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေ... လို့ ဆုတောင်းသံတွေညံနေသောနေ့လေးလဲဖြစ်ခဲ့သည်.......
အမှတ်တရ
5.2.2011
Monday, January 17, 2011
Sunday, January 16, 2011
သူငယ်ချင်းရန်နောင်နှင့် ရီရီမြင့်တို့ မင်္ဂလာနေ့ အမှတ်တရ...
စနေ့နေ့လေးဖြစ်သည် ရန်နောင်မင်္ဂလာဆောင်ဆိုတော့ သူငယ်ချင်းတွေ အားလုံးနီးပါးပြန်ဆုံဖို့လဲများသည်ဆိုတော့ ထိုနေ့ကို မဖြစ်မနေ သွားဖို့ အစတည်းကစိတ်ကူးထားမိသည်...
ထုံးစံအတိုင်း မင်္ဂလာဆောင်သွားဖို့ သူငယ်ချင်းမနှစ်ယောက်ဖြစ်သော မိကေခိုင်နဲ့ မိသန္တာတို့ကို စုရပ်တစ်ခုမှာ ၉နာရီ လာဖို့ချိန်းထားသည်။ ၁၀နာရီထိရောက်မလာ လို့ ၁၀နာရီခွဲတော့ရောက်လာလားဆိုတော့ပေါ်မလာကြသေး၊ ဒီလိုနဲ့နောက်ကျနေတော့သည် ၁၁နာရီထိုးမှ သမီးကိုလက်ကဆွဲရင်း အကြောင်းရှာပြီး နောက်ကျမြဲကျတတ်သော မိကေခိုင်ရောက်လာသည်။ အဲနောက်သန္တာရောက်လာသည်။ နီလေးကတော့ ဘုရားဖူးခရီးသွားနေ၍မလာနိုင်ပေ။ မင်္ဂလာဆောင်ရာ ခန်းမကိုရောက်လာတော့ သတိုးသားဖြစ်တဲ့ရန်နောင်ကပြုံးလို့ ကြိုသည်။ မတွေ့ကြတာ အတော်ကြာသလို တွြေ့ဖစ်ရင်လဲ လူမစုံတာကများသည်။ သူငယ်ချင်းတွေ စုံနေပြီ ဖိုးစည်တို့စုံတွဲ အောင်အောင် လူပြိုကြီး သက်ခိုင်တို့စုံတွဲ သားကြီး လူပျိုကြီး... နေဇော်နောင်ကတော့မိန်းမဘယ်ထားခဲ့လဲမသိတစ်ယောက်တည်းပဲတွေ့သည်။ ရောက်ရောက်ခြင်း ဒံပေါက်စားသည် အောင်အောင်က စောင့်နေရလို့ဆိုကာ ၃ပွဲစားသည်.. သက်ခိုင်နဲ့ဖို့စည်ကတော့ စာပြီးနှင့်ပြီ ... ရန်နောင်က ကောင်မလေး နဲ့မိတ်ဆက်ပေးသည် ..သူငယ်ချင်းတို့ မင်္ဂလာမောင်နှံ ရာသက်ပန်ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့သည်... အမှတ်တရ နေ့လေးတနေ့အဖြစ်မှတ်မှတ်ယယဓာတ်ပုံလေးတွေနဲ့ သူငယ်ချင်းတွေပြန်ကြည့်လို့ရအောင်တင်ပေးထားလိုက်ရပါသည်..
Subscribe to:
Posts (Atom)